လိပ်သိုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်

လိပ်သို   ဒီဇင်ဘာ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်  ပန်းခင်းစီမံချက်ဖြင့်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”  ဆောင်ပုဒ်နှင့်အညီ  ယမန်နေ့က   လိပ်သိုမြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင်   ပြည်သူများအိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ထုတ်ပေးနို်ငရေး အတွက်  ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း  သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးမှ  တာဝန်ရှိသူများက လိပ်သိုမြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာနေ  ပြည်သူများအား  နိုင်ငံသား စိစစ်ရေး  ကတ်ပြားများ လဲလှယ်ပေးခြင်း၊  အသစ်ဆောင် ရွက်ပေးခြင်းနှင့် အိမ်ထောင်စုစာရင်းများ အား  အခမဲ့   ကွင်းဆင်း  ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

မြို့ပြန်/ဆက်