အမ်းမြို့နယ်တွင် ဝန်ထမ်းများက ကျန်းမာရေးကဏ္ဍမှ ပေါ့ပါးပျော်ရွင်စိတ်ကြည်လင် ကျန်းမာရေးကို မြတ်နိုးကြစို့အစဉ် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ

အမ်း ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ကျန်းမာရေးကဏ္ဍမှ ပေါ့ပါးပျော်ရွင်စိတ်ကြည်လင် ကျန်းမာရေးကို မြတ်နိုးကြစို့အစဉ် မြတ်လေးမြင့် ရေးသားသည့် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာအောင်က စာရေးဆရာ မြတ်လေးမြင့် ရေးသားသည့် ရာသီမရွေးတစ်နှစ်ပတ်လုံး လူတိုင်းပြုလုပ်သင့်သော လေ့ကျင့်ခန်းများ အကြောင်း၊ ကျန်းမာရေးသည် အာရောဂျံပရမံလာဘံ ဆိုသည့် ဗုဒ္ဓဘုရားရှင် ဟောကြား မိန့်မြွတ်တော်မှုသည့် ကျန်းမာခြင်းသည် လာတ်ကြီး တစ်ပါးဆိုတာ အားလုံးသိရှိကြောင်းနှင့် အတ္တာဟိအတ္တနောနာထော မိမိကိုယ်သာ အားကိုးလေ့ကျင့်ကာ ထာဝရပိုင်ဆိုင်သော အရာဖြစ်၍ ကိုယ်လက်လှုပ်ရှား အားကစားကို အစဉ်အမြဲပြုလုပ်နေသူတို့သည် ထာဝရ ပိုင်ဆိုင်နေတဲ့ ဆုလာဒ်ကြီးဖြစ် ကြောင်း၊ ဒေါ်ခင်မျိုးတင်(စာထောက်-၃)က နှလုံးသန်မာပြီး သွေးတိုးရောဂါနှင့် သွေးကြောကျဉ်းရောဂါအကြောင်း၊ ဒေါ်ဒီမွန်ကျော်(ရုပ်သံကျွမ်းကျင်-၃)က ကိုယ်လက်လှုပ်ရှားမှုကိုနေ့စဉ် ပြုလုပ်သင့်ကြောင်းနှင့် နှလုံးရောဂါမရနိုင်ပါကြောင်း၊ ဦးစိုမင်းထွန်း(ဓါတ်ပုံကျွမ်းကျင်-၂)က ကိုလက်လှုပ်ရှားမှု များဖြစ်သည့် ဘော်လီဘော၊ ကြက်တောင်ရိုက်၊ ရေကူး၊ ဂေါက်ရိုက်၊ လမ်းလျှောက်ခြင်းများကို ပြုလုပ်သင့်ကြောင်း ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈) အမှတ်(၂၁)မှ ကျန်းမာရေးကဏ္ဍမှ ပေါ့ပါး ပျော်ရွှင် စိတ်ကြည်လင် ကျန်းမာရေးကို မြတ်နိုးကြစို့အစဉ် မြတ်လေးမြင့် ရေးသားသည့် ဆောင်းပါးပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှု့လေ့လာနားလည်မှုများအား အသိပညာ ဗဟုသုတ မျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

စိုးမင်းထွန်း