ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီပြန်လည်ဖွင့်လှစ်

ကမမောင်း ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အတွင်းရှိ အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ စတင်ဖွင့် လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရှိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း အခြေခံပညာကျောင်းများအား (ယာယီ) ပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုနှုန်းများ ပြန်လည်ကျဆင်းလာသည့်အပြင် အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သည့် အတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ ကမမောင်းမြို့ရှိ အခြေခံပညာ ကျောင်းများအား ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

ထို့သို့ စတင်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ ပညာသင်ကြားရန် လာရောက်ကြသည့် ကျောင်း သား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းဝန်းအတွင်း မဝင်မီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း တို့ကို ဆောင်ရွက်ပြီးမှသာ ကျောင်းဝန်းအတွင်း ဝင်ရောက်စေခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးကာ မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျ လက်ဆေးစေခြင်းနှင့် စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး ()ပေအကွာမှ နေထိုင်ကာ ပညာသင်ကြား စေခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကမမောင်းမြို့တွင် အခြေခံပညာကျောင်း(၁၈)ကျောင်းရှိရာမူလတန်းကျောင်း()ကျောင်း၊ မူလတန်း (လွန်) ကျောင်း()ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ()ကျောင်း၊ အလယ်တန်းကျောင်း ()ကျောင်းနှင့် အထက်တန်း ကျောင်း()ကျောင်း၊ စုစုပေါင်း အခြေခံပညာ ကျောင်း () ကျောင်းအား ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်ပညာသင်ကြား ပေးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်