ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

ဘူးသီးတောင် ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ ့နံနက် ၉ အချိန်က မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုင်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင်နှင့် အသက်(၅)နှစ်အောက် ကလေးများအားနှာခေါင်းစည်း (MASK)များ စနစ်တကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများမှ ရပ်ကွက်၊ ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက်(၅)နှစ်အောက် ကလေးများအား ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်( ပီစီဗီ)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိတ်သိုး၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)