ရခိုင်ပြည်နယ် မောင်တောမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မောင်တော ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Center ခန်းမ တွင်  ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ တာဝန်ပေး ဦးဦးစိုးလွင်က  မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် က မသန်စွမ်းသူများနေ့ ဖြစ်ပေါ်လာပုံများ၊ မသန်စွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခြေအနေ၊ မသန်စွမ်းသူများအပေါ် ပြန်လည်ထူထောင်ပေးနေမှုများ၊ အထူးပညာရေး ကျောင်းများဖွင့်လှစ်ကာ လက်ခံစောင့်ရှောက်ပေးမှု အခြေအနေများ၊ မသန်စွမ်းသူများအပေါ် ထားရှိရမည့် စိတ်နေစိတ်ထားနှင့် အမြင်သဘောထားများ စသည့် တို့ကို အကျယ်တဝင့် ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။ 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ပုံပြောခြင်း၊ စက္ကူခေါက် အရုပ်လုပ်နည်းများ စသည့် အစီအစဉ်များကို Online မှ တဆင့် ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိပြီး ယခုပြုလုပ်သည့် Talk Show အစီအစဉ်များကိုလည်း မောင်တောမြို့၏ အထင်ကရ ကျောက်ပန္ဒူပုံဖြင့် ဖွင့်လှစ်ထားသော We Love Maungdaw Pageနှင့် မောင်တောခရိုင်ပြည်သူ့စာကြည့်တိုက် Page တို့မှ တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး