သတင်းများ

ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအားကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 07,2021
ဧရာဝတီဝတိုင်း‌ဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသော အသက်(၁၈)နှစ် အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ရွှေခယ်သီရိအားကစားခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင်စာဖတ်ဝိုင်းပြုလုပ်
Dec 07,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ သရဝဏ် (ပြည်) ရေးသားသည့် လူငယ်နှင့် ဘဝရည်မှန်း ချက်ပန်းတိုင် စာအုပ်ကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ် အလိုက်လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။
သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ အုန်းပင်စုကျေးရွာ၊ မဒေါ့ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူခရိုင်၌ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ၏ ဌာနတွင်းဘာသာရပ်ဆိုင်ရာ သင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 07,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခရိုင်အတွင်းရှိ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ၏ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဒလမြို့နယ်ရှိ အဝေးပြေးကားဝန်း၌ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အခြေပြုယာဉ်လိုင်းများ   ပုံမှန်ပြန်လည်ပြေးဆွဲ‌
Dec 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲပေးနေသော အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေးဆွဲပေးနေသော ယာဉ်လိုင်းများ အနေဖြင့် တွံတေး မြို့နယ် ကံဘဲ့လမ်းနှင့် ကော့မှူးလမ်းပိုင်းအား နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ခေတ္တပိတ်ထား ခဲ့ရာမှ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ပြီး  ပြန်လည်ဖွင့်လှစ်မှုကြောင့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ပုံမှန်ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း အနယ်နယ်အရပ်ရပ်မှ ခရီးသွား မိဘပြည်သူများ ပုံမှန်သွားလာလျက်ရှိ ကြောင်း၊  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရ သည်။
ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 07,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမ၌ကျင်းပရာ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်မြို့ရှိ တက္ကသိုလ်/ကောလိပ် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။
ပေါင်းတည်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက သပြေကြီးစုအုပ်စု၊ လက်ပန်ကိုင်းကျေးရွာ အမကကျောင်း၌ နိုင်ငံသား စိစစ်ရေးကတ်ပြား(၃၆)ကတ်နှင့် အိမ်ထောင်စုစာရင်း(၁၀)ခုပေးအပ်ခဲ့ကြောင်း သိရသည်။