ဖျာပုံ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အသက်(၄၅)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်မှစတင်၍ ဖျာပုံမြို့ သီရိအဏ္ဏဝါ ခန်းမတွင် ဆေးထိုးစုရပ်ထားရှိ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးလာရောက် ထိုးနှံသူ များကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျ နေရာချထားပြီး၊ ရပ်ကွက်/ကျေးရွာအလိုက် နေ့ရက်မျာခွဲ၍ သီရိအဏ္ဏဝါခန်းမတွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဖျာပုံမြို့နယ် ပြည်သူ့အားကစားခန်းမတွင်လည်း ဆေးထိုးစုရပ် ထားရှိပြီး အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် တစ်နေ့လျှင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား လူဦးရေ(၂၅၀)ဦးခန့်ကို နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)