သတင်းများ

ထန်းတပင်မြို့နယ်တွင် နှာခေါင်စည်း Mask များ (အခမဲ့)ဖြန့်ဝေ
Dec 07,2021
ကိုဗစ်-၁၉ ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံ ကားဂိတ်တို့တွင် အများပြည်သူများအား နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေပေးခြင်းနှင့် ရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာဆောင်ရွက်နိုင်စေရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်တာဝန်ရှိသူများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် မြန်မာ-ပိုးကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော် 
Dec 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၇ ရက်မွန်းလွဲ ၂ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များသို့ မြန်မာ-ပိုးကရင်ဘာသာ စကားနှစ်မျိုးဖြင့် လှည့်လည်အသိပညာပေး နှိုး ဆော်ကြေညာ ခဲ့ကြောင်းသိရသည်။ 
ဒေးဒရဲမြို့ Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Dec 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 07,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လွယ်ကူအောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့စဉ်ပြုလုပ်ပေးလျက်ရှိ
Dec 07,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများ နှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့်မြို့နယ်ဦးစီးမှုးရုံးတွင် နေ့စဉ်ပြုလုပ်ပေးလျက်ရှိ သည်။
သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်း
Dec 07,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ ယမန်နေ့ ညနေ ၄ နာရီက လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြေတိုင်း(၄)ဦးသန်းကိုနှင့် ဝန်ထမ်းများက ကျွဲဘေးကျေးရွာနေ တောင်သူ ဦးဝင်အောင်၏ လယ်တွင် မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း ၅၈.၅၉ တင်းထွက်ရှိကြောင်းသိရသည်။