ကျောက်တံခါးမြို့နယ် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်

ကျောက်တံခါး ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ် အလိုက်လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါလုပ်ငန်းစဉ်အမှတ်(၅)အရ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစု ထားရှိရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဓိကပူးပေါင်းဆောင်ရွက်ရမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားစီးဌာနနှင့် ဌာနဆိုင်ရာ အသီးသီးတို့ကလည်း လူဦးရေစာရင်းများ ကြိုတင်ပြုစုရာတွင် ပူးပေါင်းကူညီဆောင်ရွက် ပေးနေကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)