သတင်းများ

ကဝမြို့နယ်၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ငါးထပ်ကြီး ဘုရား ရင်ပြင်တော်တွင် ယနေ့ နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြိုင်ကြီးငူ-မယ်သဝေါ ပြည်လင်းအေးမြိုင် ကားလမ်းမကြီးအား လမ်းဘေးဝဲ၊ ယာ တိုးချဲ့ခြင်းနှင့် ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Dec 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ (အထူးဒေသ) နှင့် မယ်သဝေါကျေးရွာသို့ ဆက်သွယ် ဆောက်လုပ်ထား သည့် ပြည်လမ်းအေးမြိုင် ကားလမ်းအပိုင်းကို ကတ္တရာလမ်းထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းဘေးဝဲ၊ ယာ တိုးချဲ့ခြင်း လုပ်ငန်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
မကွေးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 07,2021
မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၊ ညောင်လှ ၊ သူဌေးကုန်းရပ်တွင် ကိုဗစ်ကာလ ခက်ခဲသော မိသားစုများအား ဆန်၊ ဆီ လှူဒါန်း
Dec 07,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ လင်းလက်​​မြေဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်က ရေနံချောင်းမြို့ လင်းလက်မြေ ပညာဒါန (ပရဟိတ) ကျောင်းအကျိုးတော်ဆောင်ဆရာတော်၏ အကျိုးဆောင်မှုဖြင့် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း (မန္တလေး) ၏ ပဥ္စမအကြိမ်မြောက် အလှူတော်အဖြစ်ရေနံချောင်းမြို့၊ညောင်လှ ၊ သူဌေးကုန်းရပ် မှ ကိုဗစ်ကာလခက်ခဲသော အိမ်ထောင်စုဦးရေ(၁၀၀)အတွက် ဆန် ၊ ဆီ လှူဒါန်းမှု ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
မိုးနှောင်းနှမ်းများ မြို့ပေါ်ပွဲရုံအသီးသီးသို့အများအပြားလာရောက်ရောင်းချလျက်ရှိ
Dec 07,2021
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ်ရှိပွဲရုံအသီးသီးတွင် လက်ရှိအချိန်တွင် မိုးနှောင်းနှမ်းလာရောက် ရောင်းချသည့် တောင်သူအများအပြားရှိနေကြောင်းသိရှိရသည်။
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမတွင် အားကစား ဆိုင်ရာ လှုပ်ရှားမှု ပြိုင်ပွဲများကျင်းပ
Dec 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးငယ်များ အတွက်ပျော်ရွှင်စရာ အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်း ပြိုင်ပွဲများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။
ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ဆုရစာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Dec 07,2021
‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ပဲခူးမြို့နယ် စာရေးဆရာအသင်းက စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ဆုရစာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။