ဝါးခယ်မ ဒီဇင်ဘာ၇
ဧရာဝတီဝတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသော အသက်(၁၈)နှစ် အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ရွှေခယ်သီရိအားကစားခန်းမတွင် ထိုးနှံပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား(၁၆၀)ဦးအား ပထမ အကြိမ်အဖြစ် ကျန်းမာရေးဝန်ထမ်းများကကိုဗစ်-၁၉စည်းကမ်းများနှင့်ညီထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး ထိုးနှံရာသို့ အုပ်ချုပ်ရေးမှူးများ ၊ အသင်းအဖွဲ့များကပူးပေါင်း ပါဝင်ကူညီခဲ့ကြသည်။ ဆေးထိုးရန်ကျန် ရှိနေသော ပြည်သူများအားဦးစားပေးအုပ်စုအလိုက်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စောသန္တာဦး