သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်

သာယာဝတီ ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ  အုန်းပင်စုကျေးရွာ၊ မဒေါ့ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ လျော့ပါးသက်သာစေရန်အတွက် ကျန်မာရေးဦးစီးဌာနသို့ သွားရောက်ပြသရန်၊  အသက်ကြီးသူများ၊  နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသောသူများအတွက် ပိုပြီးအန္တရာယ်များကြောင်းနှင့် ရောဂါအကောင်းဆုံး ကာကွယ်ရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊  တတ်နိုင်သလောက် မိမိလက်နဲ့မျက်နှာကို မထိတွေ့စေဖို့ သတိပြုရန်၊ သန့်ရှင်းလက်ဆက်သော အစားအစာကို ရွေးချယ်စားသုံးရန်၊ အစားအသောက်များကို ကျက်အောင် ချက်ပြုတ်စားသုံးရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက် ပေးကြပါရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုဆော်ခဲ့ကြောင်း သိရသည်။

သန့်ဇော်