ဘောဂလိ ဒီဇင်ဘာ ၇
စာပေချစ်မြတ်နိုးသူ ပြည်သူများအနေဖြင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပုံပြော၊ ကဗျာရွတ်ဖတ်ခြင်းအစီအစဉ်ကို တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာဖတ်ပရိတ်သတ် ပြည်သူများအနေဖြင့် အသိပညာ ဗဟုသုတများ တိုးပွားပြီး စာဖတ်ရှု လိုစိတ်များ ပိုမိုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက Onlineမှတစ်ဆင့် သုတ၊ ရသစာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ် ခြင်း၊ ပုံပြင်ပြော၊ စက္ကူဖြင့် အရုပ်ခေါက်ခြင်း အစီအစဉ်များကို ဘောဂလိမြို့ ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)