ထန်းတပင်မြို့နယ်တွင် နှာခေါင်စည်း Mask များ (အခမဲ့)ဖြန့်ဝေ

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၇

ကိုဗစ်-၁၉ ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက်  ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံ ကားဂိတ်တို့တွင် အများပြည်သူများအား နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေပေးခြင်းနှင့် ရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာဆောင်ရွက်နိုင်စေရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်တာဝန်ရှိသူများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နှာခေါင်းစည်း Maskများ (အခမဲ့) ဖြန့်ဝေပေးရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထန်းတပင်မြို့မစျေးရှိ စျေးသည်များ၊ မြို့မစျေးသို့ လာရောက်ကာ စျေးဝယ်ကြသူများ၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့ တွင် ဖြတ်သန်းသွားလာနေကြသူများအား တစ်ခါသုံး နှာခေါင်းစည်း Mask များကို (အခမဲ့) ဖြန့်ဝေဆောင်ရွက်ခဲ့ကြကာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင်လည်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင် သွားလာစေရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။         

အများပြည်သူများအား နှာခေါင်စည်း (Mask) များ အခမဲ့ဖြန့်ဝေဆောင်ရွက်ရာတွင်လည်း နှာခေါင်း စည်း မတပ်ဆင်သူများကို အဓိကထားကာ နှာခေါင်းစည်းများကို ဖြန့်ဝေပေးခဲ့ကြခြင်းဖြစ်ပြီး နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း တာဝန်ရှိသူ များက အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)