သတင်းများ

သရက်ချောင်းမြို့နယ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုသိကောင်းစရာဆွေးနွေးပွဲ (Talk Show)ပြုလုပ်
Dec 07,2021
ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊   လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက်(၁၀)  ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု  အသိပညာဆွေးနွေးပွဲ(Talk Show)  ကျင်းပပြုလုပ် ခဲ့သည်။
မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေများ လျော့နည်းမှု မရှိစေရေး ညှိနှိုင်းဆွေးနွေး
Dec 07,2021
မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အစည်းအဝေး အမှတ်စဉ် (၃/ ၂၀၂၁) ကို ယနေ့ နံနက် ၁၀နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များ တက်ရောက်ကြသည်။
ကလိန်အောင်မြို့တွင် အသက်(၁၂) နှစ်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉‌‌ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား(ပထမ/ ဒုတိယအကြိမ်)အဖြစ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ယမန်နေ့ နံနက်(၉)နာရီ အချိန် တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက (ပထမ/ဒုတိယအကြိမ်) အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။
ရေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ရေးအတွက် နှာခေါင်းစည်း မက်စ် ကမ်းပိန်းဆောင်ရွက်
Dec 07,2021
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျင်မြန် ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း မက်စ်ကမ်းပိန်းကို ယနေ့နံနက် ၈နာရီက လူစည်းကာရာ နေရာများဖြစ်သည့် လမ်းဆုံလမ်းခွများ၌ ဆောက်ရွက်ခဲ့ကြောင်းသိရသည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 07,2021
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်ခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်
Dec 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ် ဆေးထိုးနှံကြ ရန် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြိုနယ် ကျောင်းတော်ရာ ကျေးရွာနှင့် မုန်တောကြီးကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ‌ ကွင်းဆင်း ဆောင် ရွက်ပေး
Dec 07,2021
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီက မုဒုံ​မြို့နယ် ကျုံဖိုက်ကျေးရွာနေ ပြည်သူများကို အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်း ဆင်း ဆောင်ရွက်ပေးခဲ့‌သည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Dec 07,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချူပ်ရေးအတွက် ကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။