ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ဦးစားပေးဦးတည် အုပ်စုများ အလိုက်ပြည်သူများအားဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများ ပြည်သူများအားကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။