နတ်မောက် ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများ နှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့်မြို့နယ်ဦးစီးမှုးရုံးတွင် နေ့စဉ်ပြုလုပ်ပေးလျက်ရှိ သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဒီဇင်ဘာလ(၆)ရက်နေ့က နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ များမှနိုင်ငံသားစိစစ်ရေးကတ်များလာရောက်ပြုလုပ်ကြရာတွင် ၆(က)ဖြင့်ပြုလုပ်သူ ကျား(၇)ဦး၊ မ(၃)ဦး၊ လဲလှယ်သူ ကျား(၈)ဦး၊ မ(၂၄)ဦး၊ မိတ္တူ ကျား(၁၀)ဦး၊ မ(၄)ဦး စုစုပေါင်း (၅၆)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး အဆိုပါရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို မတ်လ ( ၃) ရက်နေ့မှ ဒီဇင်ဘာလ (၆) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း (၄၀၀၂)ဦး၊ အိမ်ထောင်စု လူဦးရေစာရင်း(၈၀၅)ဦး ပြုလုပ်ပေးပြီး ဖြစ်ကြောင်း မြို့နယ် လ ဝ က ဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။
သင်းသင်းမြတ်(နတ်မောက်)