ဒေးဒရဲမြို့ Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ဒေးဒရဲ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online ကတဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း အကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးက မီးသတ်ဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ မီးဘေးလုံခြုံရေးအတွက် သိရှိလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ရပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေးဒရဲမြို့နယ်ရုံးက ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဒေးဒရဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook  page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အေဇာလင်း