မင်းတုန်း ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ ယမန်နေ့ ညနေ ၄ နာရီက လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြေတိုင်း(၄)ဦးသန်းကိုနှင့် ဝန်ထမ်းများက ကျွဲဘေးကျေးရွာနေ တောင်သူ ဦးဝင်အောင်၏ လယ်တွင် မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း ၅၈.၅၉ တင်းထွက်ရှိကြောင်းသိရသည်။
ထိုသို့မိုးစပါးစံကွက် ရိတ်သိမ်းရခြင်းမှာ မိုးစပါးအထွက်နှုန်းတိုင်းတာရန်၊ စားနပ်ရိက္ခာ ဖူလုံနိုင်မှု တွက်ချက်ရန်နှင့် မြို့နယ်၏ GDP တွက်ချက်နိုင်ရန်အတွက် စံကွက်ရိတ်သိမ်းရခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်