သတင်းများ

တနင်္သာရီမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း(၁၀၀)ကျောင်းဖွင့်လှစ်သင်ကြားလျက်ရှိ
Dec 08,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများအား ၂၀၂၁-ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းအခြေခံပညာ ကျောင်း ပေါင်း(၁၄၁)ကျောင်းရှိသည့်အနက်  ဒီဇင်ဘာလ ၅ ရက်အထိ (၉၈)ကျောင်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ယနေ့ ဒီဇင်ဘာလ၇ရက်နေ့တွင် ပဝတ်ထာရွာ-မူလတန်းလွန်ကျောင်းနှင့် အမက-ငါးရံ့အင်းကျောင်း(၂)ကျောင်းကို ထပ်မံဖွင့်လှစ်ခဲ့သဖြင့် ယနေအထိကျောင်းပေါင်း(၁၀၀)ကျောင်း အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး  (၄၁)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်းမြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။
ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်) အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Dec 08,2021
ကရင်ပြည်နယ်၊ ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်) အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက အဆိုပါ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပသည်။
မင်းလှမြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်
Dec 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရွာတော်ကျေးရွာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ရှိန်မြင့်မာလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များအား ဌာနဆိုင်ရာများ ၊ကျောင်းသား၊ကျောင်းသူများထံသို့ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံ ပညာအလယ်တန်းကျောင်းသို့ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြန်အောင်၌ အသက်(၇၅)နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းများအား သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်
Dec 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် (၇၅) နှစ်နှင့်အထက် မြို့နယ်စစ်မှုထမ်းဟောင်း များအား သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်စစ်မှုထမ်းဟောင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းကျေးရွာများရှိ အိမ်ထောင်စု (၄၁) စုအား အခြေခံစားသောက်ကုန်များလှူဒါန်း
Dec 08,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းမှ သစ်ရာကိုင်းကျေးရွာ၊ ရေယိုကျေးရွာ၊ စစ်စီးကန်တဲတိုက် များရှိ ဝင်ငွေနည်းအိမ်ထောင်စု (၄၁)စုအား ကိုဗစ်-၁၉ ကာလ အတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၅)နာရီအချိန်ခန့်က မန္တလေးမြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေ ရောင်းဝယ်ရေးမိသားစုကိုယ်စား မေတ္တာမီးအိမ်ပရဟိ တအသင်း မှအိမ်တိုင် ရာရောက်သွားရောက် လှူဒါန်းပေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဆေးထိုးအပ်များအား လာရောက်လှူဒါန်း
Dec 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရာတွင် အဓိက လိုအပ်လျက်ရှိသည့် ဆေးထိုးအပ်များကို ယမန်နေ့ နံနက်ပိုင်းက ဝေဘာဂီရပ်ကွက် စက်မှုလက်မှုကျောင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ နေရာသို့ အလှူရှင်မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ဆရာဦး‌အောင်နိုင်၏ "ကုမ္ပဏီစီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲနည်း-၁ဝဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 08,2021
ရှမ်းပြည်နယ်(​အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉နာရီက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုး သူများ ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။