အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

 အမ်း    ဒီဇင်ဘာလ   ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချူပ်ရေးအတွက် ကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချူပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ် ဦးစီးမှူးဒေါ်ခင်မာအောင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ် ကွက်များရှိ လူစည်ကားရာ လမ်းဆုံလမ်းမနေရာများသို့သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည်သူများအနေဖြင့် သိရှိလိုက်နာနေထိုင်နိုင်စေရေးအတွက် အသံချဲ့စက် မိုက်ဖြင့် စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော် ကြေညာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

စိုးမင်းထွန်း