မုဒုံ ဒီဇင်ဘာ ၇
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာနေ ပြည်သူများကို အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်း ဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော်က ဦးဆောင်ကြီးကြပ်၍ ဝန်ထမ်းများက ကျုံဖိုက်ကျေးရွာအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအသစ် ပြုလုပ်ပေးခြင်း၊ လဲလှယ်၊ ပျောက်ဆုံး၊ပျတ်စီးသူများ ကတ်အမျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် ပြည်သူ (၈၀)ခန့်အား ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကွင်းဆင်းပြု လုပ်ပေးသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်အတွင်း ယနေ့အချိန်အထိ လူဦးရေ (၅၅၀၀)ကျော်ကို ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)