သရက်ချောင်းမြို့နယ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုသိကောင်းစရာဆွေးနွေးပွဲ (Talk Show)ပြုလုပ်

သရက်ချောင်း ဒီဇင်ဘာ ၇
 

ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊   လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက်(၁၀)  ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု  အသိပညာဆွေးနွေးပွဲ(Talk Show)  ကျင်းပပြုလုပ် ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနွယ်၀င်းက ရှေးဦးအရွယ်ကလေးသူငယ်ဖွံဖြိုးမှု သိကောင်းစရာအကြောင်း ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူမှု၀န်ထမ်း ဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ  ဒေါ်လှလှထွန်းက ရှေးဦးအရွယ် ကလေး သူငယ်ဖွံ့ဖြိုးမှုအသိကောင်းစရာအကြောင်းကို ဆွေးနွေးပြောကြားရာတွင် ရည်ရွယ်ချက်() ချက်နှင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံဖြိုးမှု လုပ်ဆောင်ချက် ()ချက်ဖြင့် လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။ အဆိုပါ ရှေးဦးအရွယ်ကလေးသူငယ်ဖွံဖြိုးမှု လုပ်ဆောင်ချက်များဖြစ်သော ()ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှု()လှုမှုဆက်ဆံရေးဖွံဖြိုးမှု()သိမှုဖွံဖြိုးမှု()စိတ်လှုပ်ရှားဖွံ့ဖြိုးမှု() စာရိတ္တဖွံ့ဖြိုးမှု ဟူသော လုပ်ဆောင်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အေးနွယ်၀င်း