လောင်းလုံး ဒီဇင်ဘာ ၇
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်ခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ဒီဇင်ဘာလ (၅)ရက်နေ့အထိ (ပထမအကြိမ်) ဆေးထိုးနှံပြီးသူပေါင်း (၄၁၀၅၃) ဦးနှင့် (ဒုတိယအကြိမ်) ဆေးထိုးနှံပြီးသူပေါင်းမှာ (၂၉၃၂၆) ဦး ရှိခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ သိရှိရပြီး ကာကွယ်ဆေးမထိုးနှံရသေးသူများ မကျန်ရှိရအောင် မြို့ပေါ်ရပ်/ ကွက်နှင့် ကျေးရွာများသို့လည်း ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးရာ၌ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး တို့မှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းဖွဲ့များမှ ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါသည်။
သူရ (လောင်းလုံး)