ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသာ စိစစ်ရေးကတ်ပြားများ ပေးအပ်
Dec 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျီးနှစ်ပင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု (၆) အုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူး ရုံးမှ "ပန်းခင်းစီမံချက်"ဖြင့် ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယနေ့ နံနက်(၇)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။