ရေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ရေးအတွက် နှာခေါင်းစည်း မက်စ် ကမ်းပိန်းဆောင်ရွက်

ရေး  ဒီဇင်ဘာ   ၇

မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျင်မြန် ထိရောက်စွာ  ဟန့်တားနိုင်ရေးနှင့် ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း မက်စ်ကမ်းပိန်းကို ယနေ့နံနက် ၈နာရီက လူစည်းကာရာ နေရာများဖြစ်သည့် လမ်းဆုံလမ်းခွများ၌ ဆောက်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါနှာ‌ခေါင်းစည်း မက်စ်ကမ်းပိန်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်နိုင်မျိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်၊ မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်နှင့် အခြားဌာနဆိုင်ရာများပူးပေါင်းပြီး ရန်မျိုးအောင်ရပ်ကွက်ရုံးရှေ့နှင့် အထက (၁)ကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့ကြသည်။

ရေးမြို့နယ် အတွင်းနှာခေါင်းစည်း မက်စ်ကမ်းပိန်းပြုလုပ်ခြင်းကို အသိပညာပေးအနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလကျော်လွန်ပါက ဒဏ်‌ရိုက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်