တနင်္သာရီ အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများအား ၂၀၂၁-ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းအခြေခံပညာ ကျောင်း ပေါင်း(၁၄၁)ကျောင်းရှိသည့်အနက် ဒီဇင်ဘာလ ၅ ရက်အထိ (၉၈)ကျောင်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ယနေ့ ဒီဇင်ဘာလ၇ရက်နေ့တွင် ပဝတ်ထာရွာ-မူလတန်းလွန်ကျောင်းနှင့် အမက-ငါးရံ့အင်းကျောင်း(၂)ကျောင်းကို ထပ်မံဖွင့်လှစ်ခဲ့သဖြင့် ယနေအထိကျောင်းပေါင်း(၁၀၀)ကျောင်း အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး (၄၁)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်းမြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုအခြေအနေမှာ အထက်တန်း ကျောင်း(၁၄)ကျောင်းစာရင်းရှိသည့်အနက် (၁၃)ကျောင်း၊ အလယ်တန်း(၂၂)ရှိသည့်အနက် (၁၇) ကျောင်း၊ မူလတန်း(လွန်) (၁၆)ကျောင်းရှိသည့်အနက်(၁၂)ကျောင်း၊ မူလတန်း(၈၈)ကျောင်း အနက်(၅၇)ကျောင်း၊ ဘ/ကကျောင်း(၁)ကျောင်း စသည်ဖြင့် စုစုပေါင်း(၁၄၁)ကျောင်းအနက် (၁၀၀)ကျောင်းအား ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ဤမြို့နယ်အတွင်း ယနေ့အထိ အခြေအနေအရ မဖွင့်လှစ်နိုင်သောကျောင်း(၄၁)ကျောင်းမှာ နယ်မြေလုံခြုံရေးအခြေအနေအရ(၁၈)ကျောင်း၊ သင်ကြားရေးဆရာ/မများCDM ပြုလုပ်ထားသ ဖြင့် မဖွင့်လှစ်သောကျောင်း(၁၅)ကျောင်း၊ ဆရာ,မရှိသဖြင့် မူလတန်း(၁)ကျောင်း၊ ကျောင်းသူ/ သားမရှိသဖြင့်(၆)ကျောင်း၊ ကျောင်းရုပ်သိမ်းခွင့်တင်ထားသည့်မူလတန်း(၁)ကျောင်း စသဖြင့် ဖွင့် ရန်ကျန်(၄၁)ကျောင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း