နတ်မောက်မြို့နယ်အတွင်းကျေးရွာများရှိ အိမ်ထောင်စု (၄၁) စုအား အခြေခံစားသောက်ကုန်များလှူဒါန်း

နတ်မောက်    ဒီဇင်ဘာလ  ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းမှ သစ်ရာကိုင်းကျေးရွာ၊ ရေယိုကျေးရွာ၊ စစ်စီးကန်တဲတိုက် များရှိ ဝင်ငွေနည်းအိမ်ထောင်စု (၄၁)စုအား ကိုဗစ်-၁၉ ကာလ အတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၅)နာရီအချိန်ခန့်က  မန္တလေးမြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေ ရောင်းဝယ်ရေးမိသားစုကိုယ်စား မေတ္တာမီးအိမ်ပရဟိ တအသင်း မှအိမ်တိုင် ရာရောက်သွားရောက် လှူဒါန်းပေး ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် မန္တလေးမြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေ ရောင်းဝယ်ရေးမိသားစုတို့မှ နတ်မောက်မြို့နယ်အတွင်းမှ သစ်ရာကိုင်းကျေးရွာ၊ ရေယိုကျေးရွာ၊ စစ်စီးကန်တဲတိုက် များရှိ ဝင်ငွေနည်းအိမ်ထောင်စု (၄၁)ဦးအတွက် တစ်အိမ်ထောင်လျှင် ဆန် (၃)ပြည်၊ ဆီ (၁) ပိဿာ နှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါမိသားစုမှ နတ်မောက်မြို့နယ်အတွင်းရှိ ဝင်ငွေနည်းအိမ်ထောင်စု (၁၀၀)အတွက် လှူဒါန်းပေးခဲ့ပြီး ကျန်ရှိနေသည့် အခြေခံစားသောက်ကုန်များကိုလည်း ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မေတ္တာမီးအိမ် ပရဟိတအသင်း မှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။

သင်းသင်းမြတ်