သတင်းများ

ဆီဆိုင်မြို့ အခြေခံပညာကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိ အခမဲ့သွားရောက်စစ်ဆေး
Dec 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်တားဆီးနိုင်ရန်အတွက် ဆီဆိုင်မြို့၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ (RDT)Tesk Kit  ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 21,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအား ကစားပြိုင်ပွဲ များကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ ပြသထားရှိ
Dec 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို နံရံကပ်ပြဘုတ်များဖြင့် အများပြည်သူများ သိရှိနိုင်စေရန် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပြသထားသည်။
ကျိုက်လတ်မြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများပြသ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြည်သူများသိရှိစေရန် အသိပညာပေး နံရံကပ်စာစောင်များ လစဉ်လဲလှယ် ပြသဆောင် ရွက်လျှက်ရှိရာ ယနေ့နံနက် (၁၁)နာရီအချိန်က ကျိုက်လတ်မြို့နယ်ရုံး Community Centre ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပြသ ဆောင်ရွက်ခဲ့သည်။
ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် သင်ကြားသည့် အခြေခံချည်ထိုးလက်မှု ပညာ သင်တန်းဆင်းပွဲပြုလုပ်
Dec 21,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ပေးနိုင်ရေးအတွက် ပြုလုပ်သည့် အခြေခံချည်ထိုး လက်မှုပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဤဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲပြုလုပ်
Dec 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) တွင် ယနေ့နံနက် (၉)နာရီအချိန်က ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများအား အသိပညာပေး ပြသခြင်းဆောင်ရွက်
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ ကံ့ကော်လမ်းရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်ပြီး လစဉ်အသိပညာပေးစာစောင်များ အသစ်လဲလှယ်ပြသခြင်း ဆောင်ရွက်ရာ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများကို ပြည်သူများလေ့လာဖတ်ရှု့နိုင်ရန် အသိပညာပေး ပြသခြင်း ဆောင်ရွက်ထားကြောင်းသိရသည်။
ကရသူရိမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲနှင့်   စာအုပ်စာစောင်များ ခင်းကျင်းပြသ
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဇန်နဝါရီလ (၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲ နှင့် စာအုပ်/စာစောင် များခင်းကျင်းပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။