တောင်ဥက္ကလာပ ဒီဇင်ဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ရှိန်မြင့်မာလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များအား ဌာနဆိုင်ရာများ ၊ကျောင်းသား၊ကျောင်းသူများထံသို့ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံ ပညာအလယ်တန်းကျောင်းသို့ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်၊စာစောင် ငှားရမ်းပေးရာတွင် သုတစာအုပ်(၂၀)အုပ်၊ ရသစာအုပ်(၃၅)အုပ် စုစုပေါင်း(၅၅) အုပ်အား ငှားရမ်းပေးခဲ့ပြီး အဆိုပါ ငှားရမ်းထားသည့် စာအုပ်များအား ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် အသစ်လဲလည်၍ ငှားရမ်းပေးသွားမည်ဖြစ်သည်။ အဆိုပါ စာအုပ်စာစောင် ငှားရမ်းပေးခြင်း နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ ကျောင်းများသို လစဉ်အလှည့်ကျ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)