မြန်အောင် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် (၇၅) နှစ်နှင့်အထက် မြို့နယ်စစ်မှုထမ်းဟောင်း များအား သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်စစ်မှုထမ်းဟောင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် (၇၅)နှစ်နှင့်အထက် (၂၃)ဦးတို့အား မြို့နယ်စစ်မှုထမ်းအဖွဲ့ဝင်များက တစ်ဦးလျှင် (၁၅၀၀၀) ကျပ် ပူဇော်ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)