ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ဆရာဦး‌အောင်နိုင်၏ "ကုမ္ပဏီစီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲနည်း-၁ဝဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပုံပါကျင်      ဒီဇင်ဘာ  ၈

ရှမ်းပြည်နယ်(​အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉နာရီက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုး သူများ ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပုံပါကျင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ မြို့ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက စာရေးဆရာ ဆရာဦးအောင်နိုင် ရေးသားထားသည့် "ကုမ္ပဏီစီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲနည်း-၁၀၀"စာအုပ်မှ "ပိုမိုများပြားသည့်အလုပ်များကို တာဝန်ယူခြင်းသည် မိမိအတွက် ရင်းနှီးမြှပ်နှံခြင်းကို လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်" အကြောင်းအရာကိုလည်းကောင်း၊ Book Club ဥက္ကဌ ဦးထွန်းလင်းက "မိမိလက်အောက်ငယ်သားများ၏ ချို့ယွင်းချက်၊ မိမိကိုယ်တိုင်၏ မပြည့်စုံမှုအပါအဝင် စီမံခန့်ခွဲသူကောင်းတစ်ယောက်သည် မည်သို့သဘောထားကြီး ခွင့်လွှတ် မည်နည်း" အကြောင်းအရာကိုလည်းကောင်း၊ Youth Club အဖွဲ့ဝင် မအားမီက "ကောင်းသော စီမံခန့်ခွဲသူသည် ဤကဲ့သို့တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ရာ၌ တာဝန်ယူခြင်းမှသည် တာဝန်ခံသည်အထိ ဦးဆောင်သည့် တောဘဲအုပ်ခေါင်းဆောင်ပမာ ကောင်းစွာလမ်းပြနိုင်ရမည်" အကြောင်းအရာကိုလည်းကောင်း၊ မဗျာဝူလေးက "ကောင်းသောစီမံခန့်ခွဲသူသည် မည်သို့ စည်းမျဉ်း စည်းကမ်းကို မဆုတ်မနစ်ကြိုးပမ်း ထိန်းသိမ်းမည်နည်း" အကြောင်းအရာကိုလည်းကောင်း၊ မနန်းကွမ်မိုက"ကောင်းသော စီမံခန့်ခွဲသူမှာ မည်သို့အစုအဖွဲ့ကို ဦးဆောင်မည်နည်း" အကြောင်းအရာကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club၊ Youth Club  အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)