သတင်းများ

ကျွန်းစုမြို့၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်
Dec 09,2021
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program) (CMP) ကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ.အစည်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်တရားရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းများ ဆောင်ရွက်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက် ၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 09,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို အများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
မလှိုင်မြို့နယ်တွင် အိုမီခရွန် (Omicron) မျိုးဗီဇပြောင်း ရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 09,2021
မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် အိုမီခရွန်(Omicron) မျိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့(၉)နာရီအချိန်မှ စတင်၍ မြို့ပေါ်နှင့် ကျေးလက်များပါမကျန် မြေပြင်ကွင်းဆင်း၍ ကာကွယ်ဆေးထိုးခြင်းနှင့် အသိပညာပေး လု်ပငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်
Dec 09,2021
မွန်ပြည်နယ်၊ သထုံမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
သဲကုန်းမြို့တွင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော် ဆောင်ရွက်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ကျ စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရပ်ကွက်ကျေးရွာ အုပ်စုအတွင်း သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်၍ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အမျိုးသားအလွတ်တန်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ပုသိမ်မြို့၌ကျင်းပ 
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ် (၈) နယ်မြေ ကျောက်စရစ်ကုန်းရပ်ကွက်ရှိ ချန်ပီယံ ဖူဆယ်အားကစားကွင်းအတွင်း၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမနေရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာပါသူများ တက်ရောက်၍ ပထမနေရာဗိုလ်လုပွဲသို့ တက်ရောက်၍ အားပေးကြည့်ရှု ခဲ့ကြသည်။ 
မြဝတီမြို့၌ ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်
Dec 09,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးနှင့် ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးတိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။