ပေါင်းတည်မြို့၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား လက်မှုအတတ်ပညာရပ်တစ်ခု တတ်မြောက်စေရန်၊ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိစေပြီး တပိုင်တနိုင်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခြင်းဖြင့် လူမှုစီးပွါးဘဝမြင့်မားလာစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်လျက် ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းရံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။