ချောင်းဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ချောင်းဦး ဒီဇင်ဘာလ ၉

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်၊ နံနက် ၉နာရီခွဲ  အချိန် က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက ဒေသခံပြည်သူများ အနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှု ရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောပြခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းနှင့် (Book Club) အဖွဲ့ဝင် ဒေါ်မိုးမိုးထိုက် တို့က  အတွဲ(၁၈)၊ အမှတ်(၂၃) ဒို့ကျေးရွာ ဂျာနယ်မှ စာရေးဆရာ ရှိန်းမြသင်း၏ “ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ယဉ်ကျေးမှုနှင့် မြတ်နိုးဖွယ်ရာဓလေ့ထုံးတမ်းများ" ဆောင်းပါးအကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေ ဝါသနာရှင်များ နှင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြု ဗဟိုဌာန၌ လစဉ်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေနွေးပွဲသို့  ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိန်လင်း၊   (Book Club) အဖွဲ့ဝင် ဒေါ်မိုးမိုးထိုက် နှင့် အဖွဲ့များ၊ စုစုပေါင်း ၈ ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

အိအိအောင် (ချောင်းဦး)