ပုသိမ် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာကွင်းတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတား တည်ဆောက်ရန် ကွင်းဆင်းတိုင်းတာခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကုန်ထုတ်လမ်းနှင့်တံတား တိုင်းတာနေရာသတ်မှတ်ရာသို့ ပုသိမ်မြို့နယ် ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာန မြိူ့နယ်ဦစီးမှူး ဦးဌေးနိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ ၊ တောင်သူများ၊ လမ်းနှင့်တံတား အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကုန်ထုတ်လမ်းသည် (၀/၆၈၂) မိုင် (၁၅၁၉)မြေသားလမ်းခင်းခြင်း၊ (၀/၆၈၂)မိုင် (၁၂၉)မြေရောကျောက်ခင်းခြင်း၊ (၂၅x၁၄x၁၂) ပေ သံကူတံတား တည်ဆောက်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၁၁၆.၂၁၈၂ သန်းဖြင့် နပိုလီယံကုမ္မဏီမှ ဆောင်ရွက်မည်ဖြစ်ကာ ကုန်ထုတ်လမ်းပြီစီးပါက ကျေးရွာပါတ်ဝန်းကျင်ကျေးရွာမှ လယ်ယာထွက် ကုန်သီးနှံများ အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။