မုဒုံမြို့နယ် အခွန်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ‌ ကွင်းဆင်းဆောင်ရွက်

မုဒုံ   ဒီဇင်ဘာ 

လူမှုဘဝပြည့်စုံဖို့    နိုင်ငံသားကတ်ကိုင်ကြစို့”  ဟူသည့်  ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း အခွင့်အရေးမဆုံးရှုံးစေဖို့ ဥပဒေအညီကိုင်ဆောင်သင့်သည့် ကဒ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ယမန်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အခွန်ကျေးရွာနေ ပြည်သူများကို အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး ဦးအောင်မော် က  ဦးဆောင်၍ ဝန်ထမ်းများက အခွန်ကျေးရွာအတွင်းရှိ နိုင်သားစိစစ်ရေးကတ်ပြား မရှိသေးသည့် အသက် (၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများ အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်၊ ပျောက်ဆုံး၊ ပျက်စီးသူများ ကတ်အမျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ပြည်သူ (၄၂)ဦးနှင့်  အိမ်ထောင်စုလူဦးရေ စာရင်း (၃၁) ခု စိစစ်ပေးခြင်းတို့ကို ပြုလုပ်ပေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ ခုနှစ်၊  မေလ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်အတွင်း  ယနေ့အချိန်အထိ လူဦးရေ (၅၉၀၀)ကျော်ကို ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ