ပန်ဆောင် ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင် ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနှိင်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်အသိပညာပေးခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက်၊ နောင်ယန်း ကျေးရွာနှင့် ထဟော(၁)ကျေးရွာတွင် လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း (mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏ စက္ကန့်(၂၀)ဆေးကြောကြရန်၊ ကျန်းမာရေး ဌာနက ထုတ်ပြန် ထားသော ရောဂါကာကွယ်ရေးဆိုင်ရာများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)