ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မဲဆန္ဒရှင်စာရင်းနှင့် လူဦးရေစာရင်း စိစစ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဟိုပန် ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်သည်  အဖွဲ့ဝင်ဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ နံနက် (၁၀)နာရီက ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ပြီး မဲဆန္ဒရှင်စာရင်းနှင့် လူဦးရေစာရင်း စိစစ်မှုလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း ကြည့်ရှုစစ်​ဆေးရာတွင် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမျိုးကျော်သူနှင့် မြို့နယ်လဝကဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဦးတို့က မဲဆန္ဒရှင်စာရင်းနှင့် လဝကဌာနမှ အိမ်ထောင်စု ပုံစံ(၆၆/၆)စာရင်းတို့ဖြင့် တိုက်ဆိုင်စိစစ်၊ ဖြည့်စွက်လုပ်ငန်းများ၊ စာရင်းသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ လုပ်ငန်းများ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဟိုပန်မြို့နယ်တွင် သန့်စင်ပြီးမဲဆန္ဒရှင်စာရင်းနှင့် လူဦးရေစာရင်း စိစစ်မှုလုပ်ငန်းများ၊ စာရင်းသွင်းမှု လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေမှာ ရပ်ကွက်/ ကျေးရွာ အုပ်စု(၃၅)အုပ်စု ရှိသည့်အနက် ယနေ့အထိ အုပ်စု(၂၆)အုပ်စု ပြီးစီး၍ ကျန်ရှိအုပ်စုစာရင်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)