သာယာဝတီ ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီကခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေး မှူး ဒေါ်ခင်ရွှေဝါဖူးက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာရေးဆရာမောင်သာချို၏ "စိတ်ကစားခဲ့စဥ်က အရိပ်ကလေး များ" စာအုပ်ပါ အကြောင်းအရာများကို စာပေ ချစ်မြတ်နိုးသူ Book Club အသင်းဝင်များဖြစ်သည့် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း(ပန်းတကာမောင်ထွန်း)က ဦးဆောင်ဆွေးနွေးပြီး၊ အတွင်းရေးမှူး မိုးသည်းအောင် (ပန်းမြေ)က" အနှစ်တစ်ရာရဲ့ ကဗျာတစ်ပုဒ် "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှုဆောင် ဦးကျော်ကျော်ဦး (ကျော်ကျော်ဦး-ဒါးဘီး)က "ကူးခတ်လှုပ်ရှားသည့် ငါးတို့ အကြောင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးတင်အေးကျော်(တင်အေး-သာယာဝတီ)က ငွေနှင့်မိုးသို့ ကြိုးအညှိ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာသူ စာပေဝါသနာရှင်များကသိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြကြောင်း သိရသည်။
သန့်ဇော်