မြို့သစ် ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင်ကြို တင်ပြင်ဆင်နိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အခြေခံမဲဆန္ဒရှင်စာရင်းများ ကောက်ယူပြုစုခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူးမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှအိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆)ရယူ၍ တိုက်ဆိုင်စစ်ဆေးခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများပြုစုခြင်း၊ ဖြည့်စွက်ပြင်ဆင် ခြင်း ၊နောင်ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်မီ လာမည့်သူများအား ထပ်မံဖြည့်သွင်းခြင်းလုပ်
ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများမှပေါင်းစပ်၍ ဆောင်ရွက်နေမှုအား မကွေးခရိုင် ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ကြည့်ရှုပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည် များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)