မာန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌မူလတန်း အဆင့်ပုံတူပန်းချီ၊ စစ်တုရင်၊ ခါးကွင်းလှည့်ပြိုင်ပွဲများကျင်းပ

မာန်အောင် ဒီဇင်ဘာ   ၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား/သူများဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ မူလတန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ခါးကွင်းလှည့် ပြိုင်ပွဲများကို ယနေ့နံနက်၁၁နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒေါ်စိုးစိုးနိုင် စာထောက်-၃ က ကျောင်းသား/သူများ စာကြည့်တိုက် နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး စဥ်းစား တွေးခေါ်မှု အားကောင်းစေရန်၊တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်၊ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အထရှိစေရန်၊ပြည်သူ့စာကြည့်တိုက်အား အများပြည် သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ဗဟုသုတရှာ မီးနေရာ တစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်းပြော ကြားပြီး ပုံတူပန်းချီပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ခါးကွင်းလှည့်ပြိုင်ပွဲများကို ကျင်းပရာ ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူ(၂၀)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)