ရှင်ဗွေယန် ဒီဇင်ဘာဘာ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ (၆) ရက်မှ ဒီဇင်ဘာလ (၉) ရက်ထိ ကျောင်းဆရာတစ်ဦး အပါအဝင်ကျောင်းသား/ သူ များ (၉၃) ဦး၊ ကျောင်းသားမိဘ (၂၅) ဦး၊ စုစုပေါင်း (၁၁၉)ဦး ကိုဗစ် - ၁၉ရောဂါပိုး ကူးစက်ခံခဲ့ရပါသည်။
အဆိုပါ ပိုးတွေ့ရှိသူ ကျောင်းဆရာနှင့် ကျောင်းသားသူများအား ရှင်ဗွေယန်မြို့ရှိ တောင်တန်း သာသနာပြုကျောင်းရှိ ယောဂီဆောင်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် ထားရှိကာ နေထိုင်ရေးအတွက် ခေါင်းအုံးနှင့် အိပ်ယာများထားရှိပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ နေ့စဉ် ကျန်းမာ ရေး စစ်ဆေးပေးခြင်း၊ အာဟာရပြည့်ဝစွာဖြင့် နေ့စဉ်စားသောက်ဖွယ်ရာများ မနက်စာ နေ့လည်စာ ညစာ အခမဲ့ကျွေးမွေးခြင်းများ ဆောင်ရွက်ပေးထားပါသည်။
ထို့ပြင် ပိုးတွေ့ရှိသူများထားရှိရာ Quarantine Center သို့ မြို့အုပ်ချုပ်ရေးမှူးဦးလွင်ဦးနှင့် တာဝန် ရှိသူများက ကျောင်းသား/သူများကို အားပေးစကားပြောကြားခြင်း၊ ပြန်ဆက်ဦးစီးဌာနမှ အသိပညာ ဗဟု သုတများ ရရှိစေရန်နှင့် စိတ်အပန်းဖြေစေရန်အတွက် စာအုပ်/စာစောင်များငှားရမ်းပေးခြင်း၊ Quarantine Center တွင် စေတနာရှင် ချက်ပြုတ် ကျွေးမွေးရေးအမျိုးသမီးများအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။