မိုင်းခုတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိ ပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါရုံး၌ ပြသခဲ့ကြောင်းသိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်တွင် ကလေးသူငယ် ဥပဒေပုဒ်မ ၃၂(က/ခ)၊ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(က/ဂ/ဃ)၊ ကလေးသူငယ်တိုင်းရရှိရမည့် အခွင့်အရေး(၄)ချက်၊ ကလေးများအပေါ်အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်းနှင့် လျစ်လျူရှုခြင်း များကို မိဘများ (သို့)၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူ မည်သူမဆို မပြုလုပ်ရန် တားဆီး ကာကွယ်ပေးရေး၊ ကလေးများသည် အနာဂါတ်အိပ်မက် မက်နေရန်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက် ရန်မဟုတ်၊ ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့၊ ကလေးများကို တောင်းရမ်းစားသောက်ခိုင်းစေခြင်း မပြုပါနှင့်၊ ကလေးများကိုဘေးအန္တရာယ် ဖြစ်စေသော အလုပ်များနှင့် နေရာများတွင် ခိုင်းစေခြင်းမပြုပါနှင့်၊ လမ်းပေါ်နေ ကလေးများအပေါ် ခေါင်းပုံဖြတ်အကြမ်းဖက်ခြင်းမပြုပါနှင့် စသည့်အချက်များ ထည့်သွင်းပြသထားကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများ အသိ ပညာဗဟုသုတတိုးပွားရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို လစဉ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း (ပြန်/ဆက်)