မချမ်းဘော့မြို့နယ်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မချမ်းဘော့  ဒီဇင်ဘာလ  ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်မြတ်နိုး သူများ စာပေမှအသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးထားသည့် "ဘဝတစ်လျှောက်အောင်မြင် ပျော်ရွှင်နည်း"စာအုပ်  စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ပြီး ဦးဆင်ဆားရ်က  "ကိုယ့်အကြောင်းကိုယ် သိအောင်လုပ်ပါ။ ပင်ကိုယ်အတိုင်းနေပါ။ သင်နှင့် သင်သာနှိုင်းစရာ" ခေါင်းစဉ်အောက်မှ ကာရိုလိုင်းနား မြောက်ပိုင်းပြည်နယ် မောင့်တ်အယ်ရီတွင်နေသည့် စစ္စစ်အယ်ဒစ်အောလ်ရက်ဒ်၏ အကြောင်းဖြင့် ဆွေးနွေးပြီး ဒေါ်နင်ဆိုင်း(ထွေ/အုပ်)က "ငြီးငွေ့မှုကို ကုစားနည်း" ခေါင်းစဉ် အောက်မှ မောပန်းခြင်း၏ အကြောင်းတရားတစ်ခုမှာ ငြီးငွေ့မှုပင်ဖြစ်ကြောင်း၊ ကျွန်တော်တို့ စိတ်ဝင်စားသည့် စိတ်တက်ကြွစေသည့် အလုပ်များ လုပ်နေကြရလျှင် မောပန်းနွမ်းနယ်ခြင်းမရှိပေ၊ တောင်တက်ခြင်းထက်ပင် ငြီးငွေ့ခြင်းက ပို၍မောလွယ်သည်။ သင့်အလုပ်မှာ သင်စိတ်ဝင်စားခြင်းသည် သောကများကို ကင်းဝေးစေနိုင်ပြီး ရေရှည်မှာ ရာထူးတက်ခြင်း၊ လစာ တိုးခြင်းများကို ဖြစ်စေနိုင်သည်။ လစာမတိုး၊ ရာထူးမတက်လျှင်ပင် ငြီးငွေ့မှု ကင်းစင်မည်၊ အားလပ်ချိန်တွင် ပျော်ပျော် ရွှင်ရွှင် နေနိူင်မည်ဖြစ်ကြောင်း၊  အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)