ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်
Dec 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရန် အတွက် မြို့လည်ကျောက်တိုင်တွင် ရှောင်တခင်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုး၏ ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။