အလုံ ဒီဇင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ကမ်းနားလမ်းသစ်ပေါ်ရှိ ကုန်တင်နောက်တွဲယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ရပ်နားခြင်းမရှိသော ယာဉ်များ၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်စေနိုင်သည့် ညအိပ်ရပ်နားထားသော ယာဉ်များ၊ မြေစိုက်ရပ်နား၍ အချိန်ကြာမြင့်စွာ ရပ်နား ထားသည့် ယာဉ်အိုယာဉ်ဟောင်းနောက်တွဲများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ခြင်းနှင့် အသိ ပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့တို့နှင့် အတူ မြန်မာနိုင်ငံကုန်သေတ္တာ တင်ယာဉ်များအသင်း မန်နေဂျာ ဦးတိုးတိုးနှင့် တာဝန် ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အလုံမြို့နယ်၊ ကမ်းနားလမ်းသစ် (ကျောက်လမ်းပေါ်ရှိ စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်နောက်တွဲ (၆) တွဲ၊ တွဲခေါင်းပါ ယာဉ် (၂) စီး၊ TE ယာဉ် (၁) စီး၊ စုစုပေါင်းယာဉ်/တွဲ (၉) စီးအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် အညီဆောင်ကြရန်တို့ကို အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်