ညောင်တုန်းမြို့နယ်၊ တောင်သူလယ်သမားဆေးရုံအတွင်းရှိ အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ၊ တောင်သူ လယ်သမားဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးနှင့် အခြားသောကုသရေးများတွင် အောက်စီဂျင်လိုအပ်သောလူနာများ လုံလောက် စွာရရှိစေရန်ရည်ရွယ်၍ “နေကြာ” မွေးမြူရေး လုပ်ငန်းမှ တစ်ဦးတည်းအလှူရှင်အဖြစ် တည်ဆောက်လှူဒါန်းသည့် Mobile Oxygen Plant 20Nm³(Containerized) အမျိုးအစား အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။