ကရသူရိ ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ခရီးသွားဧည့်သည်များနှင့် ဒေသခံ မိဘပြည်သူများအား Mask စနစ်တကျ တပ်ဆင်သွားလာမှု ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁နာရီက အမှတ်(၃) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ခြင်းကို မြို့အဆင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေ ရေးအတွက် Maskကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် Maskများ အခမဲ့ဖြန့်ဝေအသိပေး ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ယနေ့တွင် လိုက်နာမှုရှိ/မရှိ စစ်ဆေးဆောင်ရွက် ခြင်းဖြစ် ကြောင်း၊ Mask တပ်ဆင်မထားသူများကို ဒုတိယအကြိမ် ထပ်မံအသိပေးကာ Mask များ ဖြန့်ဝေပေးခဲ့ကြောင်း အဆိုပါ ဆောင်ရွက်ခြင်းသည် ကိုဗစ်- ၁၉ ရောဂါမျိုးစိတ်အသစ်(Omicrom B1.1.529)ရောဂါဖြစ်ပွားလျက်ရှိရာ ပြည်သူများအနေဖြင့် ကူးစက်ခံရမှုများ မဖြစ်ပေါ်စေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)