ကာမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ မထိုးရသေးသူများအား Sinopharm ပထမအကြိမ်ထိုးနှံပေး

ကာမိုင်း ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှမထိုးရသေးသူ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား Phase-5 ပထမအသုတ်ကို ကာမိုင်းမြို့တိုက်နယ်ဆေးရုံ၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ဆေးထိုးနှံပေးကြောင်း သိရသည်။

ဆေးမထိုးနှံမီ မှတ်တမ်းရေးသွင်းခြင်း၊ အမည်စာရင်းခေါ်ပေးခြင်း၊ နေရာချထာပေးခြင်းတို့ကို ပညာရေး၀န်ထမ်းများ၊ ကြက်ခြေနီအသင်းခွဲငယ်မှတပ်ဖွဲ့၀င်များနှင့် သုဂတိမဂ္ဂလူမှုကူညီရေးအသင်းအဖွဲ့၀င်များက ဆောင်ရွက်ကြ၍ ကာကွယ်ဆေးကို ကာမိုင်းမြို့တိုက်နယ်ဆေးရုံ၀န်းထမ်းများက စနစ်တကျထိုးနှံပေးပြီး အချိန်သတ်မှတ်ပေးခြင်းများကိုပူးပေါင်းဆောင်ရွက်ကြ၍ နာရီ၀က်စောင့်ကြည့်ပြီးမှသာပြည်သူများကို ပြန်လည်စေလွှတ်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ကို Phase-3၊ Second Dose ထိုးနှံခြင်းနှင့် Phase-5၊ First Dose လုပ်ငန်း(ပထမနေ့)အဖြစ် ထိုးနှံပေးရာ ဆေးအလုံးရေ(၁၀၄)လုံးကို ဆေးတစ်လုံးလျှင် လူငါးဦးနှုန်းဖြင့် စုစုပေါင်း (၅၁၈)ဦး ထိုးနှံပေးခဲ့ကြောင်းနှင့် (၁၆-၁၂-၂၀၂၁) ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လဆိုင်း